Wednesday, March 29, 2023
မြောက်ကိုရီးယားက နျူကလီးယားထိပ်ဖူးသစ်များကို ထုတ်ဖော်ပြသ။
မြောက်ကိုရီးယားသည်
သေးငယ်သည့် နျူကလီးယား ထိပ်ဖူးသစ်များကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်း၏လက်နက်တိုက်ကို
တိုးချဲ့ရန်အတွက် လက်နက်အဆင့်ရှိသော နျူလက်နက်များ ပိုမိုထုတ်လုပ်သွားမည်ဟု
ကတိပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA
က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားက ထုတ်ပြန်တဲ့
ဓါတ်ပုံတွေမှာ ခေါင်းဆောင် ကင်ဂျုံအန်းဟာ ပဲ့ထိန်းဒုံးကျည်တွေပေါ်မှာ
ထိပ်ဖူးတပ်နိုင်တဲ့ နည်းဗျူဟာမြောက် နျူလက်နက်နဲ့ နည်းပညာအသစ်တွေကို
ကြည့်ရှုနေတာကို ပြသနေပါတယ်။ စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် အမေရိကန်
လေယာဉ်တင်သင်္ဘောသည် တောင်ကိုရီးယားသို့ ရောက်ရှိလာချိန်တွင် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။
REF:
Reuters





