Monday, March 20, 2023

မောင်ဆောင်းအေးချမ်း ရဲ့ မတ်လ ( ၂၀ ) ရက် နိုင်ငံတကာသတင်းများ


( ၁ ) ပူတင်ကတော့ အကျောတင်းပြလိုက်ပြန်ပြီ



ခရိုင်းမီးယား သိမ်းပိုက်မှု နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန်အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်က ခရိုင်းမီးယား ကို ဒီကနေ့ အလည်အပတ်ရောက်နေပါတယ် ။ ယူကရိန်း နိုင်ငံအပေါ်ပြုလုပ်တဲ့ စစ်ရာဇ၀တ်မှု တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) က ဖမ်းဝရမ်းထုတ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် သူက ခရိုင်းမီးယားကို ခရီးထွက်ပြလိုက်တာပါပဲ။ ပူတင်ရဲ့ ဗီဒီယိုဖိုင်ကို  ယူကရိန်း အရာရှိ Anton Gerashchenko က သူ့ရဲ့တွစ်တာမှာ မျှဝေခဲ့တာဖြစ်ပြီး  " ကွတ ကွတ နဲ့ လမ်းလျှောက်တတ်တဲ့ ပူတင်က ခရိုင်းမီးယားသိမ်းပိုက်မှု နှစ်ပတ်လည် အဖြစ် အောင်ပွဲခံဖို့ ရောက်လာတာပါ" လို့ ရေးတင်ခဲ့ပါတယ် ။

REF: Hindustan Times

 

 ( ၂ ) လုပ်တာက ရုရှားကို ၊ထိနေတာက ယူကရိန်းပြည်သူ ။



နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) က မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်ထားတယ်ဆိုတဲ့ ကိစ္စရပ်အပြီးနောက်ပိုင်း မှာ ယူကရိန်းမြို့တော် Kyiv နှင့် အနောက်ပိုင်း Lviv မြို့က အရေးကြီးပစ်မှတ်တွေ သောကြာနေ့ညက ရုရှားမောင်းသူမဲ့ လေယာဉ်အများအပြား တိုက်ခိုက်ခံခဲ့ ရတယ်လို့ ယူကရိန်းလေတပ်က စနေနေ့မှာ ပြောပါတယ်။ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေက ပိုပို ပြီးစိပ် လာတယ်လို့လည်း ဆိုပါတယ် ။ အနောက်အုပ်စုက ရုရှားကို အရေးယူမှု တစ်ခုခုလုပ်တိုင်း ယူကရိန်း နိုင်ငံကို တိုက်ခိုက်မှုက ပိုပြီး များလာနေတယ်လို့ လည်းပြောပါတယ် ။

REF: The Associated Press

 

 

( ၃ ) ယူကေရှိ ဖုန်းအားလုံးမှာ အချက်ပေး ဥသြ ထည့်ဖို့ အစိုးရကြိုးစားနေ ။



အစိုးရ က အများပြည်သူကို အရေးပေါ် သတိပေးစနစ်အသစ်ကို စမ်းသပ်ရန်အတွက် လာမည့်လတွင် ယူကေတစ်ဝှမ်းရှိ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများထံ ဥဩသတိပေးချက် ပေးပို့မည်ဖြစ်တယ်လို့ သိရပါတယ် ။  ရေကြီးခြင်း သို့မဟုတ် တောမီးများကဲ့သို့ အသက်အန္တရာယ်ရှိသော အခြေအနေများအတွက် အစိုးရနှင့် အရေးပေါ်ဝန်ဆောင်မှုများအား အရေးပေါ်သတိပေးစာများ ပေးပို့ခွင့်ပြုမည်ဖြစ်ပါတယ်။ လူတိုင်းရဲ့ ဖုန်းမှာ အရေးပေါ်အခြေအနေရောက်တာနဲ့ အချက်ပေးသံက အရင်မြည်မှာဖြစ်ပြီးမှ အခြားအက်ပ်တွေကို သုံးလို့ရမှာ ဖြစ်ပါတယ် ။

REF: Lastly

 

( ၄ )  ထရမ့်က အဖမ်းခံမယ်လို့ သူ့ပို့စ်မှာတင်ထား။



၂၀၁၆ ရွေးကောက်ပွဲ မတိုင်မီကာလက အပြာကား နာမည်ကြီးမင်းသမီး  Stormy Danielsအား တိတ်တဆိတ် ငွေ ဒေါ်လာ ၁၃၀၀၀၀ ပေးချေမှုနှင့်ပတ်သက်ပြီး ကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို  တရားရုံးက သူ့ကို စွဲချက် တင်ဖွယ်ရှိနေပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ထရမ့် က အင်္ဂါနေ့တွင် ဖမ်းဆီးခံသွားမယ် လို့ သူ့ရဲ့ ကိုယ်ပိုင် ဆိုရှယ်မီဒီယာ ဖြစ်တဲ့ Truth မှာ ပို့စ်တစ်ခုရေးတင်ခဲ့ပါတယ် ။ အဲ့ဒိပို့စ်မှာ သူက တိုင်းပြည်ကို ပြန်လည်သိမ်းပိုက် သွားမှာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေကို အသိပေးတာဖြစ်ကြောင်း နဲ့ မန်ဟန်တန်က တရာရေး ဌာနတွေက အကျင့်ပျက်ခြစားမှုတွေ အများအပြား ဖြစ်နေတယ်ဆိုပြီး ရေးတင်ခဲ့ပါတယ် ။

 REF: ABP

 

( ၅ )  လာမယ့်ရွေးကောက်ပွဲမှာ ထရမ့် အပြတ်အသက်နိုင်ဖွယ်ရှိနေတယ်လို့ အီလွန်မက်စ်ပြော ။



အမေရိကန်သမ္မတဟောင်း Donald Trump သည် လာမည့်သီတင်းပတ်တွင် ဖမ်းဆီးခံရနိုင်သည်ဟု သတင်းဖော်ပြမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဘီလျံနာ Elon Musk က "ဒီလိုဖြစ်သွားရင် Trump ဟာ မဲ အပြတ်အသတ် အနိုင်ရပြီး ပြန်လည်အရွေးခံရလိမ့်မယ်" လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ထရမ့်ကို ရွေးကောက်ပွဲ ကာလအတွင်း အပြာကားမင်းသမီး Stormy Danielsအား ကန်ဒေါ်လာ ၁၃၀၀၀၀ တိတ်တဆိတ် ငွေပေးခဲ့မှုနဲ့ ပတ်သက်ပြီး တရားစွဲထားတာပါ။

REF:   Hindustan Times

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © Saung Aye Chan - Blogger Templates - Powered by Blogger - Designed by Johanes Djogan -