မောင်ဆောင်းအေးချမ်း ရဲ့ မတ်လ(၁၇) နိုင်ငံတကာသတင်းများ
( ၁ ) ကိုလံဘီယာ ကျောက်မီးသွေးတွင်း
ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံး။
ကိုလံဘီယာနိုင်ငံ Sutatausa ရှိ ဆက်သွယ်ထားသော ကျောက်မီးသွေးတွင်း
အသီးသီးတွင် ဓာတ်ငွေ့များ စုဆောင်းမိခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း
အာဏာပိုင်များက ပြောကြားခဲ့ပါတယ် ။ မိုင်းတွင်းလုပ်သားအများအပြားသည် မြေအောက် မီတာ
၉၀၀ ခန့်တွင် ပိတ်မိနေခဲ့တယ်လို့လည်း ဆိုပါတယ်
။ ဒါဟာ "ကံဆိုးတဲ့ ကြေကွဲစရာပါ ။ သေဆုံးသူတွေနဲ့အတူ သူတို့ရဲ့ မိသားစုတွေနဲ့ ထပ်တူ
ညီမျှစွာ ခံစားရပါတယ်” လို့ သမ္မတ Gustavo
Petro က ဗုဒ္ဓဟူးနေ့မှာ တွစ်တာမှာ ရေးသားခဲ့ပါတယ် ။
REF: DW
News
( ၂
) အမေရိကန်နဲ့ အနောက်အာဖရိကတပ်များ ပထမဆုံးအကြိမ်
ရေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်။
အမေရိကန်စစ်တပ်သည် အနောက်အာဖရိကတပ်ဖွဲ့များနှင့်
ပထမဆုံးအကြိမ် ရေကြောင်းစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီး အိုင်ဗရီကို့စ်နှင့်
ဂါနာတို့မှ တပ်မတော်သားများအပါအဝင် တပ်ဖွဲ့ဝင် ၃၅၀ ခန့် ပါဝင်ခဲ့ပါတယ် ။ အာဖရိကအတွက်
အမေရိကန် အထူးစစ်ဆင်ရေးကွပ်ကဲမှုမှူး ရေတပ်ဗိုလ်ချုပ်ကြီး Milton Sands က Flintlock
အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အဆိုပါ
စစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်းရှိ ကမ်းရိုးတန်းနိုင်ငံများ၏ ပင်လယ်ပြင်တွင်
ခိုးကူးမှုနှင့် တရားမဝင် ငါးဖမ်းခြင်းကဲ့သို့သော ခြိမ်းခြောက်မှုများကို
ရင်ဆိုင်ဖြေရှင်း နိုင်လိမ့်မည်ဟု ပြောကြားခဲ့ပါတယ်။
REF: Reuters
( ၃ ) လုံခြုံရေးစိုးရိမ်မှုများကြောင့်
အစိုးရစက်များတွင် TikTok အပလီကေးရှင်း ကို UK က ပိတ်ပင်။
UK အစိုးရက တရုတ်ကုမ္ပဏီ ByteDance ပိုင်ဆိုင်သော TikTok
အပလီကေးရှင်း
ကို အစိုးရနဲ့ ဆိုင်တဲ့ ကွန်ပြူတာနဲ့ စပ်ဆိုင်တဲ့
ပစ္စည်းများအားလုံးတွင် အသုံးမပြုရန်အတွက် တားမြစ်လိုက်ပါတယ်။ အပလီကေးရှင်းသည် အထိခိုက်မခံသောဒေတာကို
စုဆောင်းအသုံးပြုပုံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကြောင့် တားမြစ်ချက်ကို
ချမှတ်ခဲ့ခြင်းဖြစ်ပါတယ် ။ "အစိုးရစက်ပစ္စည်းများသည် ကြိုတင်အတည်ပြုထားသော စာရင်းတွင်ပါရှိသော
ပြင်ပအက်ပ်များကိုသာ ဝင်ရောက်ကြည့်ရှုနိုင်စေမည့် စနစ်တစ်ခုသို့ ကျွန်ုပ်တို့
ပြောင်းရွှေ့နေသည်" ဟု ဝန်ကြီး Oliver Dowden က ပြောကြားခဲ့ပါတယ် ။
REF: Reuters
( ၄ ) ရုရှားတိုက်လေယာဉ်တွေက အမေရိကန်ဒရုန်းကို ပစ်ချခဲ့တဲ့
ဗီဒီယိုဖိုင်ကို ထုတ်ပြန်။
အမေရိကန် ထောက်လှမ်းရေး
ဒရုန်းတစ်စီးနဲ့ ရုရှား တိုက်လေယာဉ်တွေ ပင်လယ်နက်မှာ ဆုံတွေ့ခဲ့တဲ့
ဗီဒီယိုဖိုင်ကို အမေရိကန် ဥရောပ စစ်ဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ
ဗီဒီယိုတွင် ရုရှားနိုင်ငံထုတ် Sukhoi
Su-27 တိုက်လေယာဉ်တစ်စီးက အမေရိကန် MQ-9 Reaper မောင်းသူမဲ့လေယာဉ်ကို ကြားဖြတ်ဟန့်တားနေစဉ် လောင်စာဆီများ စွန့်ပစ်ပြီး
နောက် ဒရုန်းရဲ့ ပန်ကာကို ထိမှန်ခဲ့ပြီး ပင်လယ်နက်တွင် ပျက်ကျခဲ့ကြောင်း အမေရိကန်က
ပြောကြားခဲ့ပါတယ်။
REF:
DVIDS
( ၅ ) ဂျပန်တွေ အတိတ်ကသင်ခန်းစာယူဖို့ တရုတ်က သတိပေး
။
၁၉၄၇ ခုနှစ်တွင်စစ်ပွဲများ ကိုစွန့်လွှတ်ခဲ့သောဂျပန်သည်
လာမယ့် ငါးနှစ်အတွင်းက ကန်ဒေါ်လာ
၃၁၅ ဘီလီယံ သုံးပြီး စစ်ရေးတိုးချဲ့မှုအစီအစဉ်ကို
ယမန်နှစ်တုန်းက ကြေငြာပြီးနောက် တရုတ်က ဂျပန်၏ စစ်ရေးလမ်းကြောင်းသို့ ပြန်သွားရန်
သဘောထားကို “အလွန်အန္တရာယ်များတယ်” လို့ သတိပေးပြောဆိုလိုက်ပါတယ် ။ “သမိုင်းသင်ခန်းစာတွေကို စိတ်အားထက်သန်စွာ
သင်ယူဖို့၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးကိစ္စတွေမှာ အပြောအဆိုနဲ့ လုပ်ရပ်တွေကို
သတိရှိကြဖို့ ဂျပန်ဘက်ကို တိုက်တွန်းလိုက်ပါတယ်” လို့ တရုတ်ဘက်က ပြောကြားလိုက်ပါတယ်
။
REF: Reuters



.jpg)





