Archive for March 2023
မြောက်ကိုရီးယားက နျူကလီးယားထိပ်ဖူးသစ်များကို ထုတ်ဖော်ပြသ။
မြောက်ကိုရီးယားသည်
သေးငယ်သည့် နျူကလီးယား ထိပ်ဖူးသစ်များကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်း၏လက်နက်တိုက်ကို
တိုးချဲ့ရန်အတွက် လက်နက်အဆင့်ရှိသော နျူလက်နက်များ ပိုမိုထုတ်လုပ်သွားမည်ဟု
ကတိပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA
က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားက ထုတ်ပြန်တဲ့
ဓါတ်ပုံတွေမှာ ခေါင်းဆောင် ကင်ဂျုံအန်းဟာ ပဲ့ထိန်းဒုံးကျည်တွေပေါ်မှာ
ထိပ်ဖူးတပ်နိုင်တဲ့ နည်းဗျူဟာမြောက် နျူလက်နက်နဲ့ နည်းပညာအသစ်တွေကို
ကြည့်ရှုနေတာကို ပြသနေပါတယ်။ စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် အမေရိကန်
လေယာဉ်တင်သင်္ဘောသည် တောင်ကိုရီးယားသို့ ရောက်ရှိလာချိန်တွင် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။
REF:
Reuters
မောင်ဆောင်းအေးချမ်း ရဲ့ မတ်လ ( ၂၀ ) ရက် နိုင်ငံတကာသတင်းများ
( ၁ ) ပူတင်ကတော့ အကျောတင်းပြလိုက်ပြန်ပြီ
ခရိုင်းမီးယား သိမ်းပိုက်မှု
နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန်အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်က ခရိုင်းမီးယား ကို ဒီကနေ့
အလည်အပတ်ရောက်နေပါတယ် ။ ယူကရိန်း နိုင်ငံအပေါ်ပြုလုပ်တဲ့ စစ်ရာဇ၀တ်မှု တွေနဲ့
ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) က ဖမ်းဝရမ်းထုတ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် သူက ခရိုင်းမီးယားကို
ခရီးထွက်ပြလိုက်တာပါပဲ။ ပူတင်ရဲ့ ဗီဒီယိုဖိုင်ကို ယူကရိန်း အရာရှိ Anton Gerashchenko က သူ့ရဲ့တွစ်တာမှာ မျှဝေခဲ့တာဖြစ်ပြီး " ကွတ ကွတ နဲ့ လမ်းလျှောက်တတ်တဲ့ ပူတင်က ခရိုင်းမီးယားသိမ်းပိုက်မှု
နှစ်ပတ်လည် အဖြစ် အောင်ပွဲခံဖို့ ရောက်လာတာပါ" လို့ ရေးတင်ခဲ့ပါတယ် ။
REF: Hindustan
Times
( ၂ ) လုပ်တာက ရုရှားကို ၊ထိနေတာက ယူကရိန်းပြည်သူ
။
နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) က မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို
ဖမ်းဝရမ်းထုတ်ထားတယ်ဆိုတဲ့ ကိစ္စရပ်အပြီးနောက်ပိုင်း မှာ ယူကရိန်းမြို့တော် Kyiv နှင့် အနောက်ပိုင်း Lviv
မြို့က အရေးကြီးပစ်မှတ်တွေ သောကြာနေ့ညက
ရုရှားမောင်းသူမဲ့ လေယာဉ်အများအပြား တိုက်ခိုက်ခံခဲ့ ရတယ်လို့ ယူကရိန်းလေတပ်က
စနေနေ့မှာ ပြောပါတယ်။ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေက ပိုပို ပြီးစိပ် လာတယ်လို့လည်း
ဆိုပါတယ် ။ အနောက်အုပ်စုက ရုရှားကို အရေးယူမှု တစ်ခုခုလုပ်တိုင်း ယူကရိန်း နိုင်ငံကို
တိုက်ခိုက်မှုက ပိုပြီး များလာနေတယ်လို့ လည်းပြောပါတယ် ။
REF: The
Associated Press
( ၃ ) ယူကေရှိ ဖုန်းအားလုံးမှာ အချက်ပေး
ဥသြ ထည့်ဖို့ အစိုးရကြိုးစားနေ ။
အစိုးရ က အများပြည်သူကို အရေးပေါ် သတိပေးစနစ်အသစ်ကို
စမ်းသပ်ရန်အတွက် လာမည့်လတွင် ယူကေတစ်ဝှမ်းရှိ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများထံ
ဥဩသတိပေးချက် ပေးပို့မည်ဖြစ်တယ်လို့ သိရပါတယ် ။ ရေကြီးခြင်း သို့မဟုတ် တောမီးများကဲ့သို့
အသက်အန္တရာယ်ရှိသော အခြေအနေများအတွက် အစိုးရနှင့် အရေးပေါ်ဝန်ဆောင်မှုများအား
အရေးပေါ်သတိပေးစာများ ပေးပို့ခွင့်ပြုမည်ဖြစ်ပါတယ်။ လူတိုင်းရဲ့ ဖုန်းမှာ အရေးပေါ်အခြေအနေရောက်တာနဲ့
အချက်ပေးသံက အရင်မြည်မှာဖြစ်ပြီးမှ အခြားအက်ပ်တွေကို သုံးလို့ရမှာ ဖြစ်ပါတယ် ။
REF: Lastly
( ၄ ) ထရမ့်က အဖမ်းခံမယ်လို့ သူ့ပို့စ်မှာတင်ထား။
၂၀၁၆ ရွေးကောက်ပွဲ မတိုင်မီကာလက အပြာကား
နာမည်ကြီးမင်းသမီး Stormy Danielsအား တိတ်တဆိတ် ငွေ ဒေါ်လာ ၁၃၀၀၀၀ ပေးချေမှုနှင့်ပတ်သက်ပြီး ကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို
တရားရုံးက သူ့ကို စွဲချက် တင်ဖွယ်ရှိနေပါတယ်
။ ဒါနဲ့ ပတ်သက်ပြီး ထရမ့် က အင်္ဂါနေ့တွင် ဖမ်းဆီးခံသွားမယ် လို့ သူ့ရဲ့ ကိုယ်ပိုင် ဆိုရှယ်မီဒီယာ
ဖြစ်တဲ့ Truth မှာ ပို့စ်တစ်ခုရေးတင်ခဲ့ပါတယ် ။ အဲ့ဒိပို့စ်မှာ
သူက တိုင်းပြည်ကို ပြန်လည်သိမ်းပိုက် သွားမှာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေကို အသိပေးတာဖြစ်ကြောင်း
နဲ့ မန်ဟန်တန်က တရာရေး ဌာနတွေက အကျင့်ပျက်ခြစားမှုတွေ အများအပြား ဖြစ်နေတယ်ဆိုပြီး
ရေးတင်ခဲ့ပါတယ် ။
REF: ABP
( ၅ ) လာမယ့်ရွေးကောက်ပွဲမှာ ထရမ့် အပြတ်အသက်နိုင်ဖွယ်ရှိနေတယ်လို့
အီလွန်မက်စ်ပြော ။
အမေရိကန်သမ္မတဟောင်း Donald
Trump သည် လာမည့်သီတင်းပတ်တွင် ဖမ်းဆီးခံရနိုင်သည်ဟု
သတင်းဖော်ပြမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဘီလျံနာ Elon Musk က "ဒီလိုဖြစ်သွားရင် Trump ဟာ မဲ အပြတ်အသတ် အနိုင်ရပြီး
ပြန်လည်အရွေးခံရလိမ့်မယ်" လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ထရမ့်ကို ရွေးကောက်ပွဲ
ကာလအတွင်း အပြာကားမင်းသမီး Stormy
Danielsအား ကန်ဒေါ်လာ ၁၃၀၀၀၀ တိတ်တဆိတ် ငွေပေးခဲ့မှုနဲ့
ပတ်သက်ပြီး တရားစွဲထားတာပါ။
REF:
Hindustan Times
မောင်ဆောင်းအေးချမ်း ရဲ့ မတ်လ(၁၇) နိုင်ငံတကာသတင်းများ
( ၁ ) ကိုလံဘီယာ ကျောက်မီးသွေးတွင်း
ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံး။
ကိုလံဘီယာနိုင်ငံ Sutatausa ရှိ ဆက်သွယ်ထားသော ကျောက်မီးသွေးတွင်း
အသီးသီးတွင် ဓာတ်ငွေ့များ စုဆောင်းမိခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း
အာဏာပိုင်များက ပြောကြားခဲ့ပါတယ် ။ မိုင်းတွင်းလုပ်သားအများအပြားသည် မြေအောက် မီတာ
၉၀၀ ခန့်တွင် ပိတ်မိနေခဲ့တယ်လို့လည်း ဆိုပါတယ်
။ ဒါဟာ "ကံဆိုးတဲ့ ကြေကွဲစရာပါ ။ သေဆုံးသူတွေနဲ့အတူ သူတို့ရဲ့ မိသားစုတွေနဲ့ ထပ်တူ
ညီမျှစွာ ခံစားရပါတယ်” လို့ သမ္မတ Gustavo
Petro က ဗုဒ္ဓဟူးနေ့မှာ တွစ်တာမှာ ရေးသားခဲ့ပါတယ် ။
REF: DW
News
( ၂
) အမေရိကန်နဲ့ အနောက်အာဖရိကတပ်များ ပထမဆုံးအကြိမ်
ရေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်။
အမေရိကန်စစ်တပ်သည် အနောက်အာဖရိကတပ်ဖွဲ့များနှင့်
ပထမဆုံးအကြိမ် ရေကြောင်းစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီး အိုင်ဗရီကို့စ်နှင့်
ဂါနာတို့မှ တပ်မတော်သားများအပါအဝင် တပ်ဖွဲ့ဝင် ၃၅၀ ခန့် ပါဝင်ခဲ့ပါတယ် ။ အာဖရိကအတွက်
အမေရိကန် အထူးစစ်ဆင်ရေးကွပ်ကဲမှုမှူး ရေတပ်ဗိုလ်ချုပ်ကြီး Milton Sands က Flintlock
အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အဆိုပါ
စစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်းရှိ ကမ်းရိုးတန်းနိုင်ငံများ၏ ပင်လယ်ပြင်တွင်
ခိုးကူးမှုနှင့် တရားမဝင် ငါးဖမ်းခြင်းကဲ့သို့သော ခြိမ်းခြောက်မှုများကို
ရင်ဆိုင်ဖြေရှင်း နိုင်လိမ့်မည်ဟု ပြောကြားခဲ့ပါတယ်။
REF: Reuters
( ၃ ) လုံခြုံရေးစိုးရိမ်မှုများကြောင့်
အစိုးရစက်များတွင် TikTok အပလီကေးရှင်း ကို UK က ပိတ်ပင်။
UK အစိုးရက တရုတ်ကုမ္ပဏီ ByteDance ပိုင်ဆိုင်သော TikTok
အပလီကေးရှင်း
ကို အစိုးရနဲ့ ဆိုင်တဲ့ ကွန်ပြူတာနဲ့ စပ်ဆိုင်တဲ့
ပစ္စည်းများအားလုံးတွင် အသုံးမပြုရန်အတွက် တားမြစ်လိုက်ပါတယ်။ အပလီကေးရှင်းသည် အထိခိုက်မခံသောဒေတာကို
စုဆောင်းအသုံးပြုပုံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကြောင့် တားမြစ်ချက်ကို
ချမှတ်ခဲ့ခြင်းဖြစ်ပါတယ် ။ "အစိုးရစက်ပစ္စည်းများသည် ကြိုတင်အတည်ပြုထားသော စာရင်းတွင်ပါရှိသော
ပြင်ပအက်ပ်များကိုသာ ဝင်ရောက်ကြည့်ရှုနိုင်စေမည့် စနစ်တစ်ခုသို့ ကျွန်ုပ်တို့
ပြောင်းရွှေ့နေသည်" ဟု ဝန်ကြီး Oliver Dowden က ပြောကြားခဲ့ပါတယ် ။
REF: Reuters
( ၄ ) ရုရှားတိုက်လေယာဉ်တွေက အမေရိကန်ဒရုန်းကို ပစ်ချခဲ့တဲ့
ဗီဒီယိုဖိုင်ကို ထုတ်ပြန်။
အမေရိကန် ထောက်လှမ်းရေး
ဒရုန်းတစ်စီးနဲ့ ရုရှား တိုက်လေယာဉ်တွေ ပင်လယ်နက်မှာ ဆုံတွေ့ခဲ့တဲ့
ဗီဒီယိုဖိုင်ကို အမေရိကန် ဥရောပ စစ်ဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ
ဗီဒီယိုတွင် ရုရှားနိုင်ငံထုတ် Sukhoi
Su-27 တိုက်လေယာဉ်တစ်စီးက အမေရိကန် MQ-9 Reaper မောင်းသူမဲ့လေယာဉ်ကို ကြားဖြတ်ဟန့်တားနေစဉ် လောင်စာဆီများ စွန့်ပစ်ပြီး
နောက် ဒရုန်းရဲ့ ပန်ကာကို ထိမှန်ခဲ့ပြီး ပင်လယ်နက်တွင် ပျက်ကျခဲ့ကြောင်း အမေရိကန်က
ပြောကြားခဲ့ပါတယ်။
REF:
DVIDS
( ၅ ) ဂျပန်တွေ အတိတ်ကသင်ခန်းစာယူဖို့ တရုတ်က သတိပေး
။
၁၉၄၇ ခုနှစ်တွင်စစ်ပွဲများ ကိုစွန့်လွှတ်ခဲ့သောဂျပန်သည်
လာမယ့် ငါးနှစ်အတွင်းက ကန်ဒေါ်လာ
၃၁၅ ဘီလီယံ သုံးပြီး စစ်ရေးတိုးချဲ့မှုအစီအစဉ်ကို
ယမန်နှစ်တုန်းက ကြေငြာပြီးနောက် တရုတ်က ဂျပန်၏ စစ်ရေးလမ်းကြောင်းသို့ ပြန်သွားရန်
သဘောထားကို “အလွန်အန္တရာယ်များတယ်” လို့ သတိပေးပြောဆိုလိုက်ပါတယ် ။ “သမိုင်းသင်ခန်းစာတွေကို စိတ်အားထက်သန်စွာ
သင်ယူဖို့၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးကိစ္စတွေမှာ အပြောအဆိုနဲ့ လုပ်ရပ်တွေကို
သတိရှိကြဖို့ ဂျပန်ဘက်ကို တိုက်တွန်းလိုက်ပါတယ်” လို့ တရုတ်ဘက်က ပြောကြားလိုက်ပါတယ်
။
REF: Reuters
ဆောင်းအေးချမ်း
ရဲ့ မတ်လ (၁၆) ရက်နေ့ နိုင်ငံတကာသတင်းများ
(
၁ ) တူရကီငလျင်လှုပ်အပြီးမှာ ရုတ်တရက် ရေကြီးမှု ဖြစ်။
ပြီးခဲ့သည့်လက တူရကီတွင် ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့်
လျှပ်တစ်ပြက်ရေကြီးမှုဖြစ်ပွားခဲ့ပြီး လူ ဆယ့်လေးဦးသေဆုံးကာ အများအပြား ပျောက်ဆုံးလျက်ရှိသည်ဟုသိရပါသည်။
ကွန်တိန်နာအိမ်များတွင် နေထိုင်ကြသော
ငလျင်ဘေးမှ အသက်ရှင် ကျန်ရစ်သူများလည်း ပါဝင်ခဲ့သည်။ ဖေဖော်ဝါရီ ၆ ရက်တွင်
လူပေါင်း ၄၈,၀၀၀ သေဆုံးခဲ့သည့် ငလျင်နှစ်ခု လှုပ်ခတ်ပြီးနောက် ငါးပတ်အကြာတွင် ရုတ်တရက်
ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
REF : The
Associated Press
( ၂ ) အာဖဂန် ခိုလှုံခွင့်ရှာဖွေသူ ၂၀၀၀
ကျော်ကို UAE တွင် ပိတ်လှောင်ထားကြောင်း လူ့အခွင့်အရေးအဖွဲ့ဆို။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့
(HRW) က
အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သည် အာဖဂန်မှ နိုင်ငံရေး
ခိုလှုံခွင့်တောင်းသူများကို ၁၅ လကျော်ကြာ ပိတ်လှောင်ထားသည်ဟု စွပ်စွဲထားသည်ဟု သိရပါသည်။
" အဘူဒါဘီ ထိန်းသိမ်းရေးစခန်းရှိ အကျဉ်းသားတွေ
ပြည့်နှက်နေတဲ့... အင်းဆက်ပိုးမွှားကူးစက်မှုအကြောင်း ဖော်ပြတဲ့ အကျဉ်းသားတွေရဲ့
နေထိုင်မှုအခြေအနေဟာ သိသိသာသာကို ဆိုးရွားလာခဲ့ပါတယ်" ဟု အစီရင်ခံစာက ဆိုသည်။
အဆိုပါ ထိန်းသိမ်းရေးစခန်းရှိ ခိုလှုံခွင့်တောင်းခံသူများသည် မည်သည့်နေရာတွင်မဆို
ပြန်လည်နေရာချထားရန် အရည်အချင်းပြည့်မီခြင်း မရှိကြောင်း သိရသည်။
REF : The Print
(
၃ ) လစ်ဗျားနိုင်ငံ၏ ယူရေနီယံ ၂.၅ တန် ပျောက်ဆုံးနေ။
နိုင်ငံတကာ
အနုမြူစွမ်းအင် အေဂျင်စီ (IAEA)
က သဘာဝ ယူရေနီယံ ၂.၅ တန်ခန့် ပါဝင်သော ဒရမ် ၁၀ လုံးသည်
လစ်ဗျားနိုင်ငံမှ သတ်မှတ်ထားသော နေရာတစ်ခုမှ ပျောက်ဆုံးနေကြောင်း ပြောကြားခဲ့သည်။
“နျူကလီးယားပစ္စည်းရဲ့ လက်ရှိတည်နေရာနဲ့ ပတ်သက်တဲ့ အသိပညာ ဆုံးရှုံးမှုဟာ
ဓါတ်ရောင်ခြည်ဆိုင်ရာ အန္တရာယ် ဖြစ်နိုင်ပါတယ်” ဟု ၎င်းကဆိုသည်။ ယူရေနီယံ
ဖြစ်ပျက်ခဲ့ပုံနှင့် ယခု မည်သည့်နေရာတွင် ရှိနေသည်ကို ရှာဖွေရန် တာဝန်ရှိသူများက
လုပ်ဆောင်နေကြောင်း IAEA မှ ထပ်လောင်း ပြောကြားခဲ့သည်။
REF : DW News
(
၄ ) ရုရှားလေယာဉ်ကို ဗြိတိန်နှင့် ဂျာမန်တိုက်လေယာဉ်များက ကြားဖြတ်ဟန့်တားခဲ့ ။
ဗြိတိန်နှင့်
ဂျာမန်လေတပ်မှ တိုက်လေယာဉ်များသည် အက်စ်တိုနီးယား လေပိုင်နက်အနီးတွင် ပျံသန်းနေသော
ရုရှားလေယာဉ်ကို ကြားဖြတ်ဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ရုရှားလေယာဉ်သည်
အက်စတိုးနီးယားရှိ လေကြောင်းထိန်းချုပ်ရေးနှင့် ဆက်သွယ်ရန် ပျက်ကွက်ခဲ့သည်။
ယူကရိန်း-ရုရှားစစ်ပွဲအတွင်း ယူကရိန်းနှင့်ဂျာမနီတို့သည် NATO ပူးတွဲလေကြောင်း ရဲတပ်ဖွဲ့ဝင်များကို
စီစဉ်ဆောင်ရွက်လျက်ရှိသည်။
REF : Inshort News
( ၅ ) နယူးဇီလန် တွင် ရစ်ခ်ျတာစကေး ၇.၀ အဆင့်ရှိ
ငလျင်လှုပ်ခတ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထား။
နယူးဇီလန်နိုင်ငံ
Kermadec ကျွန်းစုတွင် ရစ်ခ်ျတာစကေး ၇.၀ ရှိ ငလျင်တစ်ခု ကြာသပတေးနေ့ နံနက်ပိုင်းက
လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေး (USGS) မှ
ပြောကြားခဲ့သည်။ ငလျင်သည် သမုဒ္ဒရာ အောက် အနက် ၂၂.၁ ကီလိုမီတာ (၁၃.၇ မိုင်) တွင်
လှုပ်ခတ်ခဲ့ကြောင်း USGS က ပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်
ဆူနာမီသတိပေးစနစ်က ပြောကြားခဲ့သည်။
REF : Hindustan Times
( ၆ ) Prince
William ကို ဆန္ဒပြသူတွေက အော်ဟစ် ကြွေးကြော် ။
တနင်္လာနေ့တွင်
Westminster Abbey အပြင်ဘက်တွင် ဆန္ဒပြသူများမှ အလံများကိုင်ဆောင်ကာ ဗြိတိန် တော်ဝင်မင်းသား William
ကို "မင်းဘယ်တော့မှ ငါတို့ဘုရင်ဖြစ်မှာမဟုတ်ဘူး" လို့
ကြွေးကြော်ခဲ့ပါတယ်။ “နန်းမွေခံမှ ဆင်းပေးပါ ” နှင့် “ကျွန်ုပ်တို့၏ ဘုရင်မဟုတ်”
အပါအဝင် အခြားသော ကြွေးကြော်သံ အများအပြား ကိုလည်း ကြားသိခဲ့ရသည်။ မေလတွင်
ကျင်းပရန် စီစဉ်ထားသည့် ဘုရင် Charles III ၏ နန်းတက်ပွဲ
မတိုင်မီ ဆန္ဒပြမှုများ ဖြစ်ပေါ်လာသည်။
REF :
Hindustan Times




.jpg)











